အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ

2021.06.26
အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ အကျဉ်းသားတွေကို ပြန်လွှတ်မယ့်သတင်းကြောင့် လာရောက်စောင့်ဆိုင်းနေကြသူတွေကို ၂၀၂၁ ဇွန် ၂၆ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ တွေ့ရစဉ်
Photo: RFA

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် အဖမ်းခံခဲ့ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန် ၂၆ ရက် စနေနေ့ ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့ မြို့တွေက အကျဉ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေက လာစောင့်နေခဲ့ကြပါတယ်။

ဒီကနေ့မနက်ပိုင်းကတည်းကနေ ထောင်ဘူးဝအရှေ့တွေကနေ စောင့်နေခဲ့ကြပေမယ့် ညနေ ၄ နာရီ ထိုးတဲ့အချိန်အထိ လွတ်မြောက်လာတာ မရှိသေးပါဘူး။

ဒီနေ့ဟာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပြီး အရပ်သား ပြည်သူတွေအပေါ်မှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အမြန်ဆုံးရပ်ပေးဖို့နဲ့ တရားမျှတမှုအတွက် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသားများအသင်း AAPP က ထုတ်ပြန်တောင်း ဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ ဇွန် ၂၅ ရက် အထိ သေဆုံးသူစုစုပေါင်း ၈၈၁ ယောက်ရှိပြီး အဖမ်းခံထားရသူပေါင်း ၅ ထောင်ကျော်ရှိနေပါတယ်။ ဒါ့အပြင် ဖမ်းဝရမ်းအထုတ်ခံထားရလို့ တိမ်းရှောင်ထွက်ပြေးနေရသူက ၁၉၀၀ ကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။