သတင်းဌာန ငါးခုကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်သိမ်း

2021.03.08
သတင်းဌာန ငါးခုကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်သိမ်း ပြည်တွင်းအခြေစိုက် သတင်းစာများ ဖြန့်ဝေရန် ပြင်ဆင်နေစဉ်။
Photo: AFP

ပြည်တွင်းအခြေစိုက် သတင်းဌာန ၅ ခုဖြစ်တဲ့ Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတို့ကို ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက မတ်လ ၈ ရက်နေ့ ဒီကနေ့ ညမှာ စစ်တပ်ပိုင် မြဝတီသတင်းဌာနကနေ ကြေညာလိုက်ပါတယ်။

ထုတ်ဝေခွင့်ပိတ်ပင်ခံရတဲ့ သတင်းဌာနတွေဟာ မီဒီယာအမျိုးအစားတစ်ခုခုကိုအသုံးပြုပြီး ဒါမှမဟုတ် နည်းပညာတစ်ခုခုကို အသုံးပြုပြီး ရေးသားထုတ်ဝေခြင်း မလုပ်ရဘူးလို့လည်း ပါရှိပါတယ်။

ရန်ကုန် အနော်ရထာလမ်းနဲ့ ကုန်ဈေးတန်းလမ်းထောင့်မှာရှိတဲ့ Myanmar Now သတင်းစာတိုက်ကိုလည်း စစ်တပ်နဲ့ရဲက ဒီကနေ့ နေ့လယ် ၂ နာရီလောက်က တံခါးရိုက်ချိုးဝင်ရောက်ပြီး ရုံးခန်းကို ဝင်ရောက်ရှာဖွေခဲ့သလို၊ ကွန်ပျူတာတွေနဲ့ ပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ အယ်ဒီတာချုပ် ကိုဆွေဝင်းက RFA ကိုပြောပါတယ်။

ထုတ်ဝေခွင့် ပိတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ ပြောဆိုချက်ကို RFA က ဆက်လက်ဖော်ပြပေးပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။