ပလက်ဝမြို့ပေါ်မှာ ဗုံးနှစ်လုံး ပေါက်ကွဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

2021.05.28
ပလက်ဝမြို့ပေါ်မှာ ဗုံးနှစ်လုံး ပေါက်ကွဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ ချင်းပြည်နယ် ပလက်ဝမြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တွေ့ရစဉ်
Photo: Citizen Journalist

ချင်းပြည်နယ် ပလက်ဝမြို့ပေါ် မြို့မရပ်ကွက်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ် ရှေ့မှာ ဒီနေ့မနက် ၇ နာရီခွဲကျော်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ဈေးဝယ်လို့ပြန်လာတဲ့ အရပ်သား တစ်ဦး ရှပ်ထိဒဏ်ရာရသွားခဲ့တယ်လို့ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်က RFA ကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲတဲ့နေရာအနီး စီးပွားရေးဘဏ်အနောက် မူကြိုကျောင်းနဲ့ ကောင်စီရုံးတွေမှာ အစကတည်းက စစ်ကောင်စီတပ်တွေ နေရာယူထားတာဖြစ်ပြီး အဲဒီနေရာအနီးအနားမှာ ပေါက်ကွဲတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလက်ရှိတော့ ဗုံးပေါက်ကွဲတဲ့နေရာတွေကို စစ်ကောင်စီတပ်တွေက မိုင်းရှင်းရေးတွေ လုပ်ဆောင်နေပြီး လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရတယ်လို့လည်း ကိုတင်ထွန်းအောင်က ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့ကလုပ်တာလဲ၊ ဘာကြောင့်လုပ်တာလဲ ဆိုတာကိုတော့ မသိရဘူးလို့လည်း သူကဆိုပါတယ်။

ဒီပေါက်ကွဲမှုဟာ တပ်မတော်အာဏာသိမ်းပြီးနောက် ပလက်ဝမြို့ပေါ်မှာ ပထမဆုံး ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။