မန္တလေးမှာ သံပုံးတီးတဲ့လူ ခြောက်ယောက် အဖမ်းခံရ

နေအိမ်တွေကနေ သံပုံးတီးခဲ့လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား၊ အမျိုးသမီး ခြောက်ယောက် ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက် ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။
"ကွမ်းယာရောင်းရင်း ထိုင်ပြီး သံပုံးတီးနေတာကို ဆွဲခေါ်ဖမ်းသွားတာပါ။ ဖမ်းခံရသူတွေက အခြေခံလူတန်းစားတွေကြီးပဲမို့ ဒီကနေ့ ဆိုင်တောက်မထွက်ရပါဘူး။ ဒီလို မတီးရဘူးလို့လည်း ရပ်ကွပ်အုပ်ချုပ်ရေးရုံးက အသိပေးထားတာ မရှိပါဘူး" လို့ အမျိုးသားဖြစ်သူ ဖမ်းခံရလို့ တရားရုံးကို လာရောက်နေတဲ့ မကြူကြူသင်းက ပြောပါတယ်။
အခုဆိုရင် သံပုံးတီးလို့ အဖမ်းခံရတဲ့သူ မန္တလေးခရိုင်ထဲမှာ စုစုပေါင်း လူ ၃၀ ကျော် ရှိနေပါတယ်။
အနယ်နယ်အရပ်ရပ်က ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ညစဉ် ၈ နာရီဆိုရင် သံပုံးတီးတဲ့ လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညက စတင်လုပ်ဆောင်ခဲ့တာပါတယ်။