ကလေးမြို့ NLD ပါတီ လူငယ်အမျိုးသမီးအဖွဲ့ဝင် အဖမ်းခံရ

2021.09.23
ကလေးမြို့ NLD ပါတီ လူငယ်အမျိုးသမီးအဖွဲ့ဝင် အဖမ်းခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမျိုးသမီးလူငယ်အဖွဲ့ဝင် မအိဖြူဝင်းကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမျိုးသမီးလူငယ်အဖွဲ့ဝင် အသက် ၃၄ နှစ်အရွယ် မအိဖြူဝင်းကို စက်တင်ဘာလ ၂၃ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ လာဖမ်းသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကားသုံးစီးနဲ့ လာဖမ်းသွားတာဖြစ်ပြီး လက်ရှိတော့ ကလေးမြို့မှာရှိတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ခေါ်သွားတယ်လို့ ဒေသခံက ဆိုပါတယ်။

“သူက အောင်မင်္ဂလာရပ်ကွက်မှာနေတာ၊ အဲဒါ သူနေအိမ်ကနေ မနက်ခင်းကဈေးကိုသွားချိန်မှာ အဖမ်း ခံရတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

မအိဖြူဝင်းကို ဘာကြောင့်ဖမ်းသွားလဲဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ကလေးတက္ကသိုလ်ကျောင်းသား ကိုဂျေညီစိုးကို စစ်ကောင်စီတပ် သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အဖမ်းခံရသူ ၁၂၀ နီးပါးရှိနေပြီလို့ ကလေးမြို့ ဆန္ဒပြသပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။