ရေစကြိုမြို့က Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
2021.09.23

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာနားက စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာ ၂၃ ရက် မနေ့ညပိုင်းမှာ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
YPDF အဖွဲ့ရဲ့ ပြောခွင့်ရသူတစ်ဦးကတည်း မနေ့ညပိုင်း ဖောက်ခွဲဖျက်ဆီးခဲ့တာ မှန်ကန်ကြောင်း အတည်ပြု ပါတယ်။
ရေစကြိုမြို့နယ်ထဲက အာဏာသိမ်းစစ်ကောင်စီပိုင် Mytel တာဝါတိုင် ၁၈ ခုအထိ ဖျက်ဆီးပြီးပြီလို့လည်း YPDF က ဆိုပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်ပါတယ်။