မြင်းခြံမြို့ အမည်မသိ သေနတ်သမားတွေရဲ့ပစ်ခတ်မှု နှစ်ဦးသေဆုံး

2021.07.27
မြင်းခြံမြို့ အမည်မသိ သေနတ်သမားတွေရဲ့ပစ်ခတ်မှု နှစ်ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဘုံဘေ ချစ်တီးထမင်းဆိုင်ပိုင်ရှင် ကိုကောင်းမြတ်သူ ကို တွေ့ရစဉ်
ဓာတ်ပုံ - ကိုကောင်းမြတ်သူ - ဖေ့စ်ဘွတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဘုံဘေ ချစ်တီးထမင်းဆိုင်ပိုင်ရှင် ကိုကောင်းမြတ်သူနဲ့ သူ့အမျိုးသမီး တို့ကို ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့က မြင်းခြံကနေ ပုဂံညောင်ဦးဘက်ကို ထွက်တဲ့လမ်းပေါ်မှာ ကားတစ်စီးပေါ် ကနေ သေနတ်နဲ့ ပစ်လိုက်လို့ နှစ်ယောက်စလုံး သေဆုံးသွားတယ်လို့ မြင်းခြံမြို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့က ပျူးစောထီးလို့ နာမည်ထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ကားပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

“ ပစ်သွားတဲ့သူတွေက ပျူစောထီးလို့ပြောနေကြတယ်။ အခု ပစ်ခံလိုက်ရတဲ့ လင်မယား နှစ်ယောက်က လူငယ်တွေဖြစ်တယ်။ နိုင်ငံရေးအရတော့ NLD ကို ထောက်ခံတဲ့သူတွေပါ။ ဒါပေမဲ့ သူက အစ္စလာမ် ဘာသာဝင်ဖြစ်နေတော့ နိုင်ငံရေးနဲ့ ဘာသာရေးပြဿနာဖြစ်အောင် လုပ်တာလားဆိုပြီး ဒေသခံတွေ စိတ်ပူနေကြတယ် ”

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က မြင်းခြံမြို့နယ် ခေါင်ကွဲကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးပေါ်ဦး ဆိုသူကို နှလုံးလှလူမိုက်အဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ အဲဒီအဖွဲ့ကသတင်းက ထုတ်ပြန်ထားပါတယ်။ နှလုံးလှလူမိုက်အဖွဲ့ဟာ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီကို သတင်းပေးသူတွေကို သတ်ဖြတ်လေ့ ရှိတဲ့အဖွဲ့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။