ဆင်ရိုင်း မျိုးသုဉ်းမယ့် အန္တရာယ်ရှိ
2018.07.26

မြန်မာနိုင်ငံမှာ ၂၀၁၀ ကနေ ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်းတွေ သတ်ဖြတ်ခံခဲ့ရတဲ့အရေအတွက် များပြားလွန်းခဲ့လို့ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ဒေသဆိုင်ရာ သစ်တောဌာနက သတိပေးလိုက်ပါတယ်။
အခုထိ ဆင်ကောင်ရေ ၁၂၃ ကောင်ဝန်းကျင် သတ်ဖြတ်ခံခဲ့ရတယ်လို့ မန္တလေးတိုင်း သစ်တောဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အနည်းဆုံး ဆင် ၁၂၃ ကောင် သတ်ဖြတ်ခဲ့ရတဲ့စာရင်း ရရှိထားပေမဲ့ အမှန်တကယ် သတ်ဖြတ်ခံရတဲ့ အရေအတွက်က ဒါထက်ပိုပြီးများမှာဖြစ်လို့ မျိုးသုဉ်းမယ့်အန္တရာယ်ရှိနေတဲ့အဆင့် ကို ရောက်ရှိနေကြောင်း၊ ဒီအတွက် စုပေါင်းကာကွယ်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
အစွယ်နဲ့ အရေပြားအတွက် ဆင်တွေ အသတ်ခံနေရတာဖြစ်ပါတယ်။ အခုအခါ တရုတ်နယ်စပ် ဈေးကွက်မှာ ဆင်အရေပြား လိုအပ်ချက် မြင့်မားနေတယ်လို့ သိရပါတယ်။