မြန်မာနဲ့ ဗီယက်နမ် ချစ်ကြည်ရေးဘောလုံးပွဲ သရေကျ
2015.05.23

Myanmar Football Federation Facebook
မြန်မာနဲ့ ဗီယက်နမ် ဘောလုံးအသင်းတွေ မနေ့က ချစ်ကြည်ရေးပွဲကစားရာမှာ ၂ ဂိုးစီနဲ့ သရေကျသွားပါ တယ်။ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်း ကွမ်နင်းပြည်နယ် မှာ သောကြာနေ့ညက ကျင်းပ တဲ့ ဘောလုံးပြိုင်ပွဲမှာ ဗီယက်နမ်အသင်းက ပွဲစပြီး ၂၃ မိနစ်မှာ ပထမဂိုးရပြီး ၇၅ မိနစ်မှာ မြန်မာက ချေပဂိုး သွင်းနိုင်ခဲ့ပါတယ်။
နောက် ၂ မိနစ်မှာ ဗီယက်နမ်အသင်းက ဒုတိယဂိုးရခဲ့ ပြီး မိနစ် ၉ဝ မှာ မြန်မာက ဒုတိယ ဂိုးရခဲ့ပါ တယ်။ မြန်မာအသင်းဟာ စင်္ကာပူမှာ ဇွန်လ ကျင်းပ မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ခြေ စမ်းတဲ့အနေနဲ့ မနေ့က ချစ်ကြည်ရေးပွဲကို ကစားခဲ့ တာဖြစ်ပါတယ်။