မြန်မာဒုက္ခသည်နောက်ဆုံး အသုတ် ဂျပန် ရောက်ရှိ


2014.09.27
mae_la_refugees_305px.jpg ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။
(Photo: AFP)

ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက လူဦးရေ ၂၃ ယောက်ပါဝင်တဲ့  မိသားစုငါးစုဟာ တတိယနိုင်ငံမှာ အခြေချနေထိုင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ တိုကျိုမြို့ ကို သောကြာနေ့ညနေပိုင်းက ရောက်ရှိခဲ့ကြပါတယ်။

ကရင်တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ အဲဒီ ၂၃ ယောက် အသုတ်ဟာ ဂျပန်နိုင်ငံ အစီအစဉ် အတွက် နောက်ဆုံးအသုတ်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ဂျပန်နိုင်ငံ ကို ရွှေ့ပြောင်းနေထိုင်ရေးအစီအစဉ်ကို ၂ဝ၁ဝ ပြည့်နှစ် က စတင်ခဲ့တာပါ။ နှစ်စဉ် ဒုက္ခသည်အရေအတွက် ၃ဝ လက်ခံဖို့ဖြစ်ပေမဲ့၊ အဲဒီအရေအတွက်မပြည့်မီခဲ့ဘူးလို့ ဆိုပါတယ်။

၂ဝ၁၄ ခုနှစ်အထိ အစီအစဉ်တစ်ခုလုံးအတွက် ဒုက္ခသည် စုစုပေါင်း ၈၆ ယောက်သာ ဂျပန်ကိုရောက်ရှိလာခဲ့ကြ တာပါ။ ၂ဝ၁၂ ခုနှစ်ကဆိုရင် တစ်ယောက်မှရောက်မလာကြဘူးလို့ သိရပါတယ်။

လာမယ့်နှစ်ကစပြီး ဂျပန်အစိုးရဟာ မလေးရှားမှ မြန်မာနိုင်ငံသားဒုက္ခသည်တွေကို ခေါ်ယူမှာဖြစ်ပါတယ်။
ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေဟာ ဂျပန်ဘာသာစကားနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ တက်ရောက်သင်ယူကြရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။