မြန်မာ့ စတော့ဈေးကွက် အောက် တိုဘာထက် စောဖွင့်နိုင်


2015.01.14

မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက်ကို နောက်အကျဆုံး အောက်တိုဘာလမှာ စတင် ဖွင့်လှစ်ဖို့ လျာထားပေမဲ့၊ ဒီ့ထက်လည်း စောနိုင်ကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်း က ပြောပါတယ်။

လောလောဆယ် စတော့ ဈေးကွက် စတင်ဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီ ၅ ခု ထက် မပိုကြောင်း၊ နောက်နှစ်လ၊ သုံးလအတွင်း အစုရှယ်ယာ ကော်မရှင်က စတော့ကုမ္ပဏီတွေကို လိုင်စင်တွေ ထုတ်ပေးတော့မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ရန်ကုန်စတော့ဈေးကွက် ဖွင့်လှစ်ရေးအတွက် မြန်မာနိုင်ငံ ဗဟိုဘဏ် နဲ့ ဂျပန် စတော့ရှယ်ယာအုပ်စု၊ ဒိုင်ဝါ စတော့ရှယ် ယာအုပ်စု ရဲ့ သုတေသနဌာနတို့ ပြီးခဲ့တဲ့လက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။

ရန်ကုန်စတော့ဈေးကွက် ဖက်စပ် ကုမ္ပဏီ ရဲ့ ၅၁ ရာနှုန်းကို မြန်မာ့စီးပွားရေးဘဏ်က ပိုင်ဆိုင်မှာဖြစ်ပြီး၊ ကျန်တဲ့ ၄၉ ရာ ခိုင်နှုန်းကို ဂျပန် စတော့ရှယ်ယာအုပ်စုတွေ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ စတော့ရှယ်ယာဈေးကွက် မရှိတဲ့နိုင်ငံတွေအဖြစ် မြန်မာ၊ မြောက်ကိုရီးယား နဲ့ ဘရူနိုင်းသုံးနိုင်ငံသာ ရှိခဲ့ရာက၊ အခုအခါ မြန်မာဟာ အဲ့ဒီစာရင်းထဲက ထွက်တော့မှာဖြစ်တယ်လို့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်း က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ဈေးကွက်ထူထောင်ဖို့အတွက် အစုရှယ်ယာ ဆိုင်ရာ ကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ် လက ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။