စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါး အိန္ဒိယနိုင်ငံဘက်ပြေး

RFA Burmese
2024.01.20
စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါး အိန္ဒိယနိုင်ငံဘက်ပြေး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါသာနယ်စပ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
SAJJAD HUSSAIN / AFP

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါး အိန္ဒိယနိုင်ငံဘက်ကို ပြေး၀င်ခိုလှုံလာတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေကပြောတယ်လို့ ဇန်နဝါရီလ ၁၉ ရက်နေ့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဘက်ကိုခိုလှုံလာသူ ၂၇၆ ဦးဟာ လက်နက်ခဲယမ်းများနဲ့အတူ ရောက်ရှိလာတာဖြစ်ပြီး နယ်စပ်မှာရှိတဲ့ Bondukbangsora ဘွန်ဒုဘန်ဆိုရာရွာကို ရောက်ရှိလာတာဖြစ်ပါတယ်။

အခုအပတ်ထဲမှာပဲ ရက္ခိုင့်တပ်တော် (AA) နှင့် တခြား တော်လှန်ရေးတပ်ဖွဲ့တွေက နယ်စပ်မှာရှိတဲ့ ပလက်ဝမြို့ကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေ ဗုဒ္ဓဟူးနေ့ကနယ်စပ်ဖြတ်ပြီး ထွက်ပြေးလာကြတာဖြစ်တယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

ရောက်ရှိလာသူတွေကို စောင့်ရှောက်ထားရှိပြီး ကိုယ်ရေးအချက်အလက်များ ရယူထားတယ်လို့ အရာရှိက ပြောပါတယ်။ သူတို့ကို မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောကို ပို့ဆောင်ဖို့ရှိပြီး သူတို့ကိုပြန်ခေါ်ဖို့ စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီး စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ နယ်စပ်မှာ တိုက်ပွဲတွေပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နို၀င်ဘာလအချိန်လောက်ကတည်းက အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။