မြန်မာနိုင်ငံတွင်း ပဋိပက္ခ အာဆီယံ သတိပေး


2013.08.26

မြန်မာနိုင်ငံမှာ ဘာသာရေးနွယ်တဲ့ ပဋိပက္ခတွေ အဆက်မပြတ်ပေါ်ပေါက်လာနေတာနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့က မြန်မာနိုင်ငံဟာ လူမျိုးဘာသာ ပဋိပက္ခချောက်ကမ်းပါးစွန်းပေါ်ရောက်နေပြီလို့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပြီး၊ အစိုးရအနေနဲ့ အမုန်းပွားအောင် သွေးထိုးလံှု့ဆော်နေတာတွေ ရပ်တန့်အောင် ထိထိ ရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။

APHR ခေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အင်ဒိုနီးရှား လွှတ်တော်အမတ် ဆန်ဒရီ က မြန်မာလူ့အဖွဲ့အစည်းမှာ တင်းမာမှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေတာ အားလုံးမြင်တွေ့နေရပါတယ်၊ ဒီတင်းမာမှုတွေဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးမားတဲ့အနေအထားကိုရောက်သွားတဲ့အထိ ကြီးထွား ကျယ်ပြန့်နေတာပါ၊ ဒါပေမဲ့တာဝန်ရှိသူတွေဆီက ထိရောက် လုံလောက်တဲ့တုံ့ပြန်မှုမျိုးတွေ မခံစားရပါဘူး လို့ ပြောကြားလိုက်ပါတယ်။

အလားတူ Physicians for Himan Rights ( PHR ) ခေါ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က လည်း မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ မုန်းတီးမှုတွေကြီးထွားအောင်လုပ်နေတာတွေ၊ အကြမ်းဖက်ပဋိပက္ခ ကျူးလွန်သူ တွေ အပြစ်ကင်းလွတ်နေတာတွေကို မကိုင်တွယ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ပဋိပက္ခကပ်ဘေးကြီး တစ်ခု နဲ့ရင်ဆိုင်လာရဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က သတိပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။