နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၂၇ သိန်းနီးပါး ရှိလာ

RFA Burmese
2024.02.22
နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၂၇ သိန်းနီးပါး ရှိလာ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၇ သိန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဖေဖော်ဝါရီ ၂၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ဘေးဒုက္ခသည် ၂၇ သိန်းနီးပါးမှာ ၂၄ သိန်းဟာ အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသူတွေလို့ UNOCHA က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လူသားချင်း စာနာမှုအကူအညီပေးဖို့ ကန့်သတ်ချက် ရှိနေတယ်လို့ UNOCHA က ဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားလို့ နေရပ်ပြန်နိုင်သူတချို့ ရှိခဲ့ပေမယ့် စစ်ဘေးဒုက္ခသည် ၂၃,၀၀၀ နီးပါးဟာ မြို့နယ် ၁၅ မြို့နယ်မှာ ရှိနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

UNOCHA ရဲ့ ဇန်နဝါရီလ ၁၂ ရက်အထိ စာရင်းအရ စစ်ဘေးဒုက္ခသည် ၂၆ သိန်းကျော်ရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ စာရင်းအရ ၂၇ သိန်းနီးပါး ရှိလာတဲ့အတွက် တစ်လအတွင်း လူတစ်သိန်းနီးပါး နေရပ်စွန့်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။