လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး မြန်မာ လက်မှတ်မထိုးသေး


2013.09.26

ကမ္ဘာ့ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်ရေးဆိုင်ရာ ကြေညာချက်ကို နိုင်ငံပေါင်း ၁၁၃ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့၊ မြန်မာနိုင်ငံ မပါဝင်သေးဘူးလို့ သိရပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှု ပပျောက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Zainab Hawa Banguraတို့ ကမကထပြုပြီး စက်တင်ဘာ ၂၄ ၇က် မနေ့က ထုတ်ပြန်ခဲ့တာပါ။

စစ်ပွဲကာလတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်ခဲ့သူတွေကို အရေးယူအပြစ်ပေးမခံရဘဲ လွတ်မြောက်နေတဲ့အခြေအနေကို အဆုံးသတ်ဖို့၊ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့နဲ့ လုံခြုံမှုရရှိဖို့အတွက် နိုင်ငံတွေက အမှန်တကယ် အားထုတ်ဆောင်ရွက်ကြဖို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လက်မှတ်မထိုးရသေးတဲ့ နိုင်ငံ ၈ဝ ကို ပါဝင်လာအောင် တိုက်တွန်းမယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague  ကပြောပါတယ်။ ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှု ပပျောက်ရေးဆိုင်ရာ ညီလာခံကို လာမယ့်နှစ်အတွင်း ဗြိတိန်နိုင်ငံမှာ ကျင်းပမယ်လို့လည်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး က ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။