မြန်မာနှစ်သစ်ကူး ဆုတောင်း


2014.04.17
padauk-305 ပိတောက်ပန်းပုံ
Photo: RFA

မြန်မာနှစ်သစ်ကူးမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ RFA မြန်မာပိုင်း အစီအစဉ် အဖွဲ့သူအဖွဲ့သားများရဲ့ကိုယ်စား ကျမ မငြိမ်းရွှေက နှုတ်ခွန်းဆက်လိုက်ပါတယ်။ နှစ် သစ်ကိုကြိုဆိုရင်း ပြီးခဲ့တဲ့တနှစ်တာကာလ ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့ အားရကျေနပ်မှုတွေနဲ့အတူ ပိုမိုကြိုးစားအားထုတ် ရဦးမယ် ဆိုတာ ကျမတို့ သတိပြုမိပါတယ်။

တကယ်တော့ မှန်ကန်တိကျတဲ့ နောက်ဆုံးရသတင်းတွေကို ပရိသတ်တွေထံ အမြန်ဆုံးတင်ပြနိုင်ဖို့အတွက် ကျမတို့ ဝါရှင်တန် ဒီစီနဲ့ မြန်မာပြည်မှာရှိတဲ့ ဝန်ထမ်းတွေရော၊ တခြားပြည်ပနိုင်ငံတွေက သတင်းထောက်တွေပါ မနားမနေ ကြိုးပမ်းခဲ့ကြရာမှာ စိန်ခေါ်မှုပေါင်းမြောက်များစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အဖွဲ့သူအဖွဲ့သားအားလုံးရဲ့ ယုံကြည်မှုတွေ၊ လုံ့လအင်အားတွေ၊ အတတ်ပညာ ကျွမ်းကျင်မှုတွေနဲ့ တညီတညွတ် လက်တွဲပူးပေါင်းမှုတွေကြောင့်သာ ကျမတို့ နောက်ဆုံးမှာ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးရေချိန် တိုးတက်မှုနဲ့အတူ နေ့စဉ်ဖြစ်ပေါ်နေတဲ့ လှုပ်ရှားပြောင်းလဲမှုတွေကို မျက်ခြေမပြတ် နေ့ညမရှောင်ရယူပြီး မှန်တဲ့ မြန်တဲ့ သတင်းဦး သတင်းထူးတွေ တင်ဆက်နိုင်ဖို့အတွက် ကျမတို့အားလုံး ပိုမိုအားထုတ်ကြိုးပမ်းကြမှာဖြစ်ကြောင်း နှစ်သစ်ကူး ကတိစကားပါးလိုပါတယ်ရှင်။

ကျမတို့ရဲ့ ကြိုးပမ်းမှုတွေကို ဒီကနေ့အထိ နှစ်ပေါင်းများစွာ အစဉ်တစိုက် အားပေးထောက်ခံခဲ့ကြတဲ့ ပရိသတ်များကို အထူးကျေးဇူးတင်ပါကြောင်းနဲ့ လိုရာဆန္ဒ အားလုံးရတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။