မလေးရှားရောက် မြန်မာတစ်ဦး ထပ်မံသတ်ဖြတ်ခံရ


2014.02.07

၈၈ လူထုအုံကြွမှု အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်ကြီးဟာ အင်္ဂါနေ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရပါတယ်။

မော်တော်ကားရောင်းဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုသူတစ်ဦးကို တွေ့ဖို့သွားရောက်စဉ် အခုလိုသတ်ဖြတ်ခံရတယ်လို့ ယူဆကြောင်း မြို့ခံမြန်မာတွေကပြောပါတယ်။ သက်ဆိုင်ရာရဲ့ စစ်ဆေးချက်အရ တစုံတယောက်က ဝက်အူလှည့်လို ချွန်ထက်သော ပစ္စည်းတခုနဲ့ ထိုးသွားတဲ့ ဒဏ်ရာကိုတွေ့ရတယ်လို့ ဆိုပါတယ်။  သူ့ကို သတ်ဖြတ်ဖို့ ကြံစီနေသူတွေရှိကြောင်း ကိုအောင်ကြီးက ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ RFA ကိုပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ဈာပနကို ဒီကနေ့ စနေနေ့ ကျင်းပမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့ရှိ ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။