မြန်မာ့စီးပွားရေးလွတ်လပ်မှု ညွှန်းကိန်း နိမ့်ကျနေဆဲ


2015.02.03

အမေရိကန်အခြေစိုက် Heritage Foundation အဖွဲ့က နှစ်စဉ်ထုတ်ပြန်နေတဲ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ စီးပွားရေးလွတ်လပ်မှု အခြေပြညွှန်းကိန်းကို မနေ့က ထုတ်ပြန်ခဲ့ ရာမှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ ၁၆၁ နေရာမှာရှိနေပါတယ်။

ညွှန်းကိန်း ၄၆.၉ နဲ့ အဆင့် ၁၆၁ ရခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ထုတ်ပြန်ချက်မှာ ညွှန်းကိန်း ၄၆.၅ နဲ့ အဆင့် ၁၆၂ မှာရှိခဲ့တာကြောင့် ဒီနှစ်မှာအဆင့် တစ်ဆင့် တက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ပျမ်းမျှညွှန်းကိန်း ၆၀.၄၊ အာရှဒေ သတွင်း ပျမ်းမျှ ညွှန်းကိန်းက ၅၈.၈ ဖြစ်တာကြောင့် ဒေသတွင်း ၄၂ နိုင်ငံမှာ မြန်မာက အဆင့် ၃၈ မှာသာ ရှိနေ ပါတယ်။

Heritage Foundation အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာ့ စီးပွားရေးလွတ်လပ်မှုဟာ တိုးတက်လာတဲ့ အရိပ်လက္ခဏာပြသခဲ့ပါတယ်၊ ဒါပေမယ့် စီးပွားရေးမှာ အစိုးရက နှစ်ရှည်လများ ဝင်ရောက် စွက်ဖက်ခဲ့တာ၊ အဖွဲ့ အစည်းဆိုင်ရာ တည်ဆောက်မှုတွေ အားနည်းခဲ့တာ၊ ရင်းနှီးမြှုပ်နှံမှု အားနည်းခဲ့တာ စတာတွေကြောင့် မြန်မာ့စီးပွားရေး ဟာ နလန်မထူနိုင်သေးပဲ ဖြစ်ခဲ့ရပါတယ်၊ မြန်မာအနေနဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး၊ ပိုင်ဆိုင်ခွင့်တွေကို အားပေးရေး၊ လွတ်လပ်တဲ့တရားစီရင်ရေး စနစ်ကို ဖန်တီးရေး၊ စီးပွားရေးကို နိုင်ငံတကာဈေးကွက်အထိ ရောက်အောင် ဖွင့်ပေးရေးတွေကို အလေးပေး ဆောင်ရွက်သင့်တယ်လို့ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။