မြန်မာပြည်ခရီးသွားမဲ့ ကနေဒါနိုင်ငံသား မြန်မာတွေကို သံရုံးသတိပေး

RFA Burmese
2024.02.20
မြန်မာပြည်ခရီးသွားမဲ့ ကနေဒါနိုင်ငံသား မြန်မာတွေကို သံရုံးသတိပေး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ရှိသည့် ကနေဒါမိတ်ဖက်အဖွဲ့အစည်းများကို မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးအကြီးအကဲ Ms. Allison Stewart ၂၀၂၃ ခုနှစ် ဩဂုတ်လက သွားရောက်တွေ့ဆုံစဉ်။
Embassy of Canada to Myanmar

ကနေဒါနိုင်ငံသားခံယူထားတဲ့ မြန်မာလူမျိုးတွေ မြန်မာနိုင်ငံထဲ ခရီးသွားတဲ့အချိန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းခိုင်းတာတွေရှိလာရင် အကာအကွယ်ပေးနိုင်မယ့် အာမခံချက် မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက သတိပေးလိုက်ပါတယ်။

ကနေဒါနိုင်ငံကူးလက်မှတ်ကိုင်ထားပေမဲ့ မြန်မာနိုင်ငံက နှစ်နိုင်ငံ နိုင်ငံသားစနစ်ကို တရားဝင် အသိအမှတ်မပြုတဲ့အပြင် မြန်မာနိုင်ငံသားအဖြစ် သဘောထားပြီး စစ်မှုထမ်းခိုင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီအချိန်မှာ ကနေဒါကောင်စစ်ဝန်ရဲ့ ဝင်ရောက်ကူညီခွင့်ကို စစ်ကောင်စီက ငြင်းဆိုနိုင်တယ်လို့လည်း ဖေဖော်ဝါရီ ၁၉ ရက်နေ့ ထုတ်ပြန်တဲ့ ကနေဒါသံရုံးရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာထားတာပါ။ ဒါကြောင့် အဲဒီဥပဒေကနေ အကာအကွယ်ပေးဖို့ အာမခံချက်မရှိကြောင်း ကနေဒါသံရုံးက သတိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ ၁၃ သန်းကျော်ရှိတယ်လို့ ပြောထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေပါ အကျုံးဝင်ပေမဲ့ လတ်တလောမှာတော့ အမျိုးသမီးတွေကို ခေါ်ဖို့ အစီအစဉ်မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။