မုံရွာမှာ သံဃာ သုံးပါးနဲ့ လူ ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

2021.12.12
မုံရွာမှာ သံဃာ သုံးပါးနဲ့ လူ ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တစ်နေရာကို ၂၀၂၁၊ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံရပ်ကွက်မှာရှိတဲ့ ချမ်းသာကြီးကျောင်းတိုက်က သံဃာတော် သုံးပါး အပါအဝင် ၁၄ ဦးဟာ ဒီဇင်ဘာ ၁၂ ရက် မနေ့က နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ကြရတယ်လို့ မျက်မြင်တွေ့ ရှိခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ နေ့လယ် ၂ နာရီလောက်မှာ ချမ်းသာကြီး ကျောင်းတိုက် ကို ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။ ဒေသခံ ကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ ဆက်သွယ် ပတ်သက်လို့ဆိုပြီး ဖမ်းသွားတာလို့ဆိုပါတယ်။

မနေ့ညပိုင်းအထိ သူတို့ ဘယ်မှာရှိနေသလဲဆိုတာကို မသိရဘူး ဖြစ်နေတယ်လို့လည်း မျက်မြင်သက်သေ ဒေသခံကပြောပါတယ်။ မုံရွာမြို့ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင် တော်လှန်ခဲ့ရာမှာ ထင်ရှားအားကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပစ်မှတ်ထား ချေမှုန်းနေတဲ့မြို့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။