မုံရွာမြို့ ဆည်မြောင်းရုံးကို ဒေသကာကွယ်ရေးအဖွဲ့ လေးခုပူးပေါင်းတိုက်ခိုက်

2021.11.08
မုံရွာမြို့ ဆည်မြောင်းရုံးကို ဒေသကာကွယ်ရေးအဖွဲ့ လေးခုပူးပေါင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တစ်နေရာကို ၂၀၂၁၊ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်မှာရှိတဲ့ ဆည်မြောင်းရုံးကို နိုဝင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ Monywa Night King အဖွဲ့က ထုတ်ပြန် ပါတယ်။

အဲဒီ ဆည်မြောင်းရုံးမှာ စစ်ကောင်စီတပ်သားတွေ စခန်းချ နေထိုင်တဲ့အတွက် မနက် ၁၀ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေသခံကာကွယ်ရေး အဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရသူ အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး အဖွဲ့လေးခုကတော့ Monywa Night King ၊ PDF South Monwya ၊ Monywa Hero Group နဲ့ Monywa UG Group တို့ဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အခုတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။