မုံရွာ ပစ်ခတ်မှု ခေါင်းထိမှန်သူ တစ်ဦး သေဆုံး
2021.04.01
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဧပြီလ ၁ ရက်နေ့ ဒီနေ့ နေ့လယ် ၃ နာရီက ကျောက္ကာလမ်းနဲ့ သီတာလမ်းထောင့်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ် ပစ်ခတ်ဖြိုခွင်းရာ လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားတယ် လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
ကနဦးသတင်းတွေအရ မုံရွာမြို့မှာ ကျည်ထိမှန်သူ နှစ်ဦးထက်မနည်းရှိပြီး ယခုအချိန်အထိ ပစ်ခတ်မှုတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။
မုံရွာမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးသူအယောက် ၂၀ ကျော်ရှိနေပြီး ဆန္ဒပြတာတွေလည်း နေ့စဉ်ရှိနေဆဲပါ။