ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံ
2012.06.02

စကာၤပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ် မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီ ပိုမိုဖော်ဆောင်ရေး၊ တိုင်းပြည်ပိုမို ပွင့်လင်းလာရေး ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာ ဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က - ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်း နေပုံရကြောင်း၊ ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုးနဲ့ ကြည့်ဖို့လိုကြောင်း၊ မြန်မာပြည် အပြောင်းအလဲဟာ စစ်တပ်ရဲ့ ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။