ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

2021.03.24
ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ မတ်လ ၂၄ ရက်နေ့ညက ကျောက်ပန်းတောင်းမြို့နယ်က ဒဏ်ရာရရှိသူတဦးကို သယ်ဆောင်လာစဉ်။
Photo: Citizen Journalist

ကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက်မှာ မတ်လ ၂၄ ရက်နေ့က ညသပိတ်လုပ်နေချိန် ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ ဝင်လာပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသူက အသက် ၂၁ နှစ်အရွယ် ကိုကြည်စက်လှိုင် ဆိုသူ ဖြစ်ပြီး ရုပ်အလောင်းကို စစ်တပ်က လွှဲပြောင်းခိုင်းနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက ထိန်းသိမ်းထားရတယ်လို့လည်း ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ လက်ကို ထိခိုက်ခဲ့သူတဦးက ဒဏ်ရာပြင်းထန်နေပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

RFA က စိစစ်စုဆောင်းထားတဲ့ စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းအပြီး သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်ဟာ ဒီနေ့ မတ်လ ၂၄ နေ့အထိ အနည်းဆုံး ၂၆၀ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-24 20:56

We sad hear about that