ကလေးမြို့နယ်က ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို PDF စီးနင်း

2021.09.29
ကလေးမြို့နယ်က ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို PDF စီးနင်း ကလေးမြို့နယ်က ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို PDF စီးနင်းခဲ့လို့ သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေကို တွေ့ရစဉ်
Photo: CJ

ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာအုပ်စု ငါးခုမှာရှိတဲ့ ပြည်သူတွေထံကနေ အဓမ္မငွေကောက်တာ၊ ပစ္စည်း တွေကို လုယူတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာအပြင် လူထုအပေါ်ဗိုလ်ကျနေတဲ့ ရှိုင်းသာအောင် ဦးဆောင်တဲ့ ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ကလေးပြည်သူ့ ကာကွယ်ရေးတပ် PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီလို ဝင်ရောက်စီးနင်းခဲ့တာမှာ ပြန်လည်ခုခံတဲ့အတွက် ခေါင်းဆောင်ဖြစ်သူကိုပါ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့ဟာ ကလေးမြို့နယ်တောင်ပိုင်း တင်သား၊ ဒိုးနွယ်၊ အင်းကျွန်း၊ ကျောက်ပြုတ်၊ ကုက္ကိုလ် စတဲ့ ကျေးရွာအုပ်စုနယ်မြေတွေမှာ လှုပ်ရှားနေတာဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို PDF တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်အဖြစ် ဝါဒဖြန့်နေတာကြောင့် ပြည်သူတွေက မေတ္တာရပ်ခံချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကြောင်းတွေခွဲပြီး သွားရောက်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းကို ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ၊ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေကို စာရင်းပြုစုပြီး ကျေးရွာကိုယ်စားလှယ်တွေကနေတဆင့် ကော်မတီဖွဲ့ပြီး ပြန်လည်ပေးအပ်ဖို့ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ကလေးပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ဆောင်ရွက်နေပြီး လူထုကို လက်နက်ကိုင်ဗိုလ်ကျနေတဲ့ ဘယ်လိုအဖွဲ့ အစည်းကိုမဆို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-29 21:17

ok

ဇင်နိုင်
2021-09-30 01:49

အရမ်းကြိုက်တယ်

Anonymous
2021-09-30 02:18

good job Kalay PDF