မန္တလေးက စစ်တပ်ထုတ် ဘီယာရောင်းတဲ့ဆိုင်တွေ တိုက်ခိုက်ခံရ

2022.01.29
မန္တလေးက စစ်တပ်ထုတ် ဘီယာရောင်းတဲ့ဆိုင်တွေ တိုက်ခိုက်ခံရ စစ်ကောင်စီရဲ့ ထုတ်ကုန် ဘီယာတွေရောင်းချနေတဲ့ မန္တလေးမြို့က ဘီယာဆိုင်တစ်ဆိုင်ကို ၂၀၂၁ မတ် ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: AP

စစ်ကောင်စီရဲ့ ထုတ်ကုန် ဘီယာတွေရောင်းချနေတဲ့ မန္တလေးမြို့ ၁၂ လမ်း ၊ ၈၈ လမ်း ၊ ၂၂ လမ်းပေါ် လမ်း ၉၀ နဲ့ ၉၁ လမ်းကြားက ဘီယာဆိုင်တွေဟာ ဇန်နဝါရီ ၂၈ ရက် မနေ့ညက ဗုံးနဲ့ပစ်ခတ်ခဲ့ရလို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဇန်နဝါရီ ၂၈ ရက်ညက ဘီယာဆိုင်တွေကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့ Justice Mandalay People Defense Force (JMPDF) အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထား ပြီး ပထမအကြိမ်အဖြစ် ဇန်နဝါရီ ၂၇ ရက်နေ့က ၁၉ လမ်း ၅၆ နဲ့ ၅၇ ကြားက မြန်မာ ဘီယာ ရောင်းတဲ့ဆိုင်၊ ရဲမွန်တောင်ရပ် ကွက် ၅၇ လမ်းက KTV ၊ ၂၃ လမ်း ၈၉ လမ်းက ဘီယာဆိုင်၊ အင်းခရုဘုရားအနီးက ဘီယာဆိုင်တွေကို မီးရိူ့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ရေးသားထားပါတယ်။

ညကအဲဒီဘီယာဆိုင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး မြို့ခံတစ်ယောက်က အခုလို ပြောပါတယ်။

“ညက အိမ်နားက ဘီယာဆိုင် ဗုံးနဲ့ပစ်ခံရတယ်။ အသံအကျယ်ကြီးပဲ၊ လူထိခိုက်တာ တော့ မကြားဘူး၊ ခဏနေတော့ ရဲတွေ၊ စစ်သားတွေ လာစစ်တယ်”

အဲဒီဆိုင်တွေကို သတိပေးပြီးမှ အခုလိုလုပ်တာဖြစ်ပြီး ဆိုင်ကယ်အချို့ပျက်စီးသွား တာကိုတော့ စိတ်မကာင်းကြောင်းဖြစ်မိကြောင်းနဲ့ စစ်ကောင်စီရဲ့ စီးပွားရေးတွေနဲ့ လွတ်အောင်ရှောင်ကြဖို့ JMPDF က ဆိုပါတယ်။

JMPDF (မန္တလေး) ၊ KDF (ကယားပြည်နယ်အခြေစိုက် ကရင်နီတပ်ဦး) ၊ Phoenix (ရေစကြို အခြေစိုက်) နဲ့ Mandalay PDF တို့ ပူးပေါင်းလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မန္တလေးမြို့က KTV တွေနဲ့ ဘီယာဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မရောင်းချဖို့ JMPDF အဖွဲ့က အခုလ ၂၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုလို ထုတ်ပြန်ချက်ထုတ်ပြီး သုံးရက်အကြာ ၂၇ ရက်နေ့မှာ အရေးယူမှုစတင်ခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်မှာလည်း စစ်ကောင်စီရဲ့ စီးပွားရေးထုတ်ကုန်တွေကို ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာတွေ တားမြစ်ကြောင်း ကေအိုင်အို က ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ထားပြီး ဇန်နဝါရီ ၁၀ ရက်ကစတင်ကာ အရေးယူတာတွေ လုပ်နေပါပြီ။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာလည်း စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကစပြီး သတိပေး ခဲ့ကာ ရောင်းချနေတာတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ကွက်ခိုင် ဒေသခံတွေက ပြောပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။