မိတ္ထီလာ အင်းဝဘဏ်ကို တပ်မတော်ဗိုလ်ကြီး အနုကြမ်းစီး


2013.12.17

မိတ္ထီလာမြို့၊ မြို့မဈေးကြီးအနီးက အင်းဝဘဏ်မှာ တင့်ကားတပ်ရင်း ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဘဏ်ဝန်ထမ်းကို ခြိမ်းခြောက်ပြီး အနုကြမ်းစီးခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက ဖမ်းဆီးလိုက်ပြီး တပ်ရင်းကို လွဲှပြောင်းပေးလိုက်တယ်လို့ မိတ္ထီလာရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

အဲဒီ ဗိုလ်ကြီးအဆင့်ရှိသူဟာ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကဖြစ်ပြီး သူ့ကို တပ်ရင်းကတာဝန်ရှိသူတွေထံ လွဲှပြောင်းပေးလိုက်ကြောင်း  မိထ္ထီလာမြို့နယ်အမှတ် ၂ ရဲစခန်းက စခန်းမှူး ရဲအုပ်မြင့်သန်းက ပြောပါတယ်။

“တပ်မတော်သားတစ်ယောက်က အမှတ်မထင်ပဲ ၁ဝ နာရီခွဲလောက်မှာ ဝင်လာပြီးတော့ မန်နေဂျာကို တိုက်ခိုက်ပြီးတော့ ပါးစပ်ပိတ်တယ်ပေါ့ဗျာ၊ ရှိတာထုတ်ပေးပါ ဘာညာပြောတာပေါ့၊ ဓားကိုစားပွဲပေါ်တင်လိုက်တယ်၊ ရှိတဲ့ပိုက်ဆံအိတ်ထဲထည့်တယ်၊ အိတ်ချည်လိုက်တဲ့အချိန်မှာ ဘဏ်မန်ဂျာက အဲဓားကို လွှင့်ပစ်လိုက်တော့ ဓားနဲ့လူနဲ့ ကင်းကွာသွားတဲ့အချိန်မှာ သူ့ကိုရဲနဲ့ အရပ်သားတွေက အထဲဝင်ပြီးတော့ ဖမ်းကြတာပေါ့၊ အခုတော့ လုယက်မှုနဲ့တော့ အမှုဖွင့်ထားပါတယ်၊ သို့သော်လည်းပဲ တပ်မတော်သားဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ကို လွှဲတော့လွှဲလိုက်ပါပြီ၊ တရားရုံးနဲ့ သူ့ကို အရေးယူမှာပေ့ါ”

အဲဒီ ပုဂ္ဂိုလ်ကို လုယက်မှုနဲ့ မိတ္ထီလာအမှတ် ၂ ရဲစခန်းကအမှုဖွင့်ပြီး တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။