မန္တလေး ကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံရ

2021.04.15
မန္တလေး ကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံရ ၂၀၂၁၊ ဧပြီ ၁၅ ရက်နေ့က မန္တလေးမှာ ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်း ဆန္ဒပြဖို့ စုဝေးနေစဉ် စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးစဉ်
Photo: MPS

မန္တလေးမြို့က စစ်အာဏာရှင်အလိုမရှိကြောင်း သံချပ်နဲ့ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို ဧပြီ ၁၅ ရက်၊ ဒီနေ့ မနက် ၉ နာရီကျော်က ၇၆ လမ်း ၃၄ လမ်းအနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ပါတယ်။

အခုလို ဖြိုခွင်းခဲ့တာကြောင့် သူနာပြုဆရာမတစ်ယောက်နဲ့ ဆေးဝါးကျွမ်းကျင်က တစ်ယောက် ဖမ်းဆီးခံလိုက် ရပြီး ထိခိုက်ဒဏ်ရာရနဲ့ ဖမ်းဆီးခံရသူစာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

"ငြိမ်းချမ်းစွာ ဆန္ဒပြတာပါ။ လက်နက်ဆိုလို့ အပ်တိုတောင် မပါဘူး။ စစ်ကောင်စီဟာ လူတွေအများကြီး သတ်နေတဲ့အတွက် ဝမ်းနည်းတဲ့အနေနဲ့ တော်လှန်သင်္ကြန်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီနေ့ဆိုလည်း သံချပ် နှစ်ခေါက်လောက်ပဲ ထိုးပြီးချိန်မှာ စစ်သားတွေ အင်အား အလုံးအရင်းနဲ့ ဝင်ဖြိုခွင်းတယ်" လို့ အမည်မဖော်လို တဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ကျန်းမာရေးမိသားစုဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် အရုဏ်ဦးသပိတ်၊ နေ့လယ်သပိတ်၊ ညနေ ဆည်းဆာသပိတ် ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင် ဆန္ဒပြနေတာပါ။

အခုလ ၆ ရက်နေ့ကလည်း ကျန်းမာရေးမိသားစုအရုဏ်ဦး သပိတ်ဖြိုခွင်းခံခဲ့ရပြီး ကလေးအထူးကုဆရာဝန် နှစ်ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။