စစ်ကောင်စီတပ်က တာယာမီးရှို့တဲ့ လူငယ်ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး ကားပေါ်ဆွဲတင်သွား

2021.04.24
စစ်ကောင်စီတပ်က တာယာမီးရှို့တဲ့ လူငယ်ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး ကားပေါ်ဆွဲတင်သွား မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၅ နဲ့ ၆၄ ကြား၊ ၁၀၇ နဲ့ ၁၀၈ လမ်းကြားမှာ ၂၀၂၁၊ ဧပြီ ၂၄ ရက်နေ့က ကားတာယာတွေကို မီးရှို့တဲ့ လူငယ်ကို စစ်ကောင်စီတပ်က ဦးခေါင်းကို ပစ်ခတ်ခဲ့တာကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၅ နဲ့ ၆၄ ကြား၊ ၁၀၇ နဲ့ ၁၀၈ လမ်းကြားမှာ ဒီကနေ့ မနက် ၁၀ နာရီ လောက်က တာယာတွေကို မီးရှို့တဲ့ လူငယ် တစ်ယောက်ကို စစ်ကောင်စီက သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ် ခဲ့ပြီး မလှုပ်နိုင်တော့တဲ့အချိန်မှာ ကားပေါ် ဆွဲတင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။

"ပြေးလာတာကို နောက်ကနေ လိုက်ပစ်တယ်။ လဲသွားတဲ့အခါမှာ တုတ်တွေနဲ့ ရိုက်တယ်။ လမ်းလာတဲ့ သူတွေကိုလည်း မဆိုင်ရင် ဘေးဖယ်ပြောတယ်။ ဒဏ်ရာတွေ၊ သွေးတွေကို အဲဒီနားက ရေတွေနဲ့ ဆေးသွားတယ်"

စစ်ကောင်စီအဖွဲ့ဝင်တွေ သယ်ဆောင်သွားခံရသူဟာ ဘယ်သူဖြစ်တယ်ဆိုတာနဲ့ လက်ရှိအခြေအနေကိုတော့ မသိရသေးပါဘူး။

မန္တလေးမြို့မှာ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်းမှာလည်း ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး ကိုမင်းသန့်မောင်မောင် အသက် (၂၀) ကျော် အရွယ် အမျိုးသားတစ်ယောက် ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး လက်ရှိအခြေနေမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။

ဖြိုခွင်းမှုတွေရှိနေပေမယ့် မန္တလေးမြို့က ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို အဖွဲ့အစည်းအသီးသီးက ဆက်လက် လုပ်ဆောင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။