လှည်းတန်းမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ စစ်ကားနဲ့ ရဲကားအစီး ၅၀ ခန့်ရောက်နေ

2021.02.22
လှည်းတန်းမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ စစ်ကားနဲ့ ရဲကားအစီး ၅၀ ခန့်ရောက်နေ တက္ကသိုလ်ရိပ်သာလမ်းမှာ နေရာယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကားနဲ့ ရဲကားအစီး ၅၀ နဲ့ အထိကရုဏ်းဖြိုခွင်းတဲ့ရေကားတွေ တက္ကသိုလ်ရိပ်သာလမ်းထဲကို ဝင်လာခဲ့လို့ လှည်းတန်းလမ်းဆုံကနေ နိုင်ငံခြားတက္ကသိုလ်ရှေ့အထိ အသံတိတ်ဆန္ဒပြတဲ့နေတဲ့ လူအုပ်စုဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်မတွေ့ဆုံလိုတဲ့အတွက် လူအုပ်စုခွဲခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ နံနက် ၉ နာရီ ၄၅ ခန့်မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြားထဲကို စစ်ကားတွေနဲ့ ရေဖျန်းကားတွေ တိုးဝင်လာတာပါ။ ဒီမနက်ပိုင်း လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြသူ လူဦးရေ သိန်းချီရှိခဲ့ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထိပ်ကို ဆန္ဒပြလူအုပ်က ရွှေ့သွားတာကို ရဲအင်အား ၂၀၀ လောက်က ထပ်လိုက်လာတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ အင်တာနက်ပြတ်နေပါတယ်။

မြို့လယ်ခေါင် ဆူးလေမှာတော့ ဆန္ဒပြတဲ့သူ သန်းနဲ့ချီ ရှိနေပါတယ်။ မြို့တော်ခန်းမရှေ့မှာ ရဲလုံခြုံရေး ချထားတာရှိပေမယ့် ရဲနဲ့ စစ်သားအင်အားက အရင်နေ့တွေကထက် ထူးခြားတဲ့ အခြေအနေမရှိသေးဘဲ အင်တာနက်လိုင်းတွေကတော့ ဖြတ်တောက်ခံထားရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။