မလေးရှားရောက် မြန်မာတွေကို အသိအမှတ်ပြုကဒ် ထုတ်ပေးမယ်


2014.05.14
malaysia_migrant_305_z မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရီလာ ခေါ် အရပ်ဖက် လူဝင်မှုရဲများက တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးခေါ်ဆောင်လာသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ ။ (Phtot: AFP)
(Photo: AFP)

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ရတဲ့မြန်မာ နိုင်ငံသားတွေကို တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးဖို့ မြန်မာအစိုးရ နဲ့နှစ်နိုင်ငံသဘောတူညီမှု ရပြီးပြီလို့ မလေးရှားပြည်ထဲရေးဝန်ကြီး အာမက်ဇာဟိ ကပြောလိုက်ပါတယ်။

အဲ့ဒီလို တရားဝင်လက်မှတ်တခုရပြီးရင် မလေးရှားမှာ အလုပ်ပဲဆက်လုပ်လုပ်၊ မြန်မာနိုင်ငံ ပဲ ပြန်-ပြန် နှစ် သက်ရာဆုံးဖြတ်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လက်မှတ်ထုတ်ပေးနိုင်မယ့်ရုံးတွေ ကို နောက်လမှာ ဖွင့်မယ်လို့ပြောပါတယ်။ ဒီအစီအစဉ်အရ အဲ့ဒီရုံး ဟာ နေရပ်ပြန်ချင်တဲ့မြန်မာတွေကိုလဲ ကူညီပေးမယ် လို့ဆိုပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် အဲ့ဒီရုံးတွေကို ကွာလာလမ်ပူရ်၊ ပီတလင်းဂျာရား၊ ဂျိုဟော နဲ့ပီနန်းမြို့ တွေမှာဖွင့်မယ်လို့ပြောပါတယ်။

လက်ရှိမှာ မလေးရှားကထိမ်းသိမ်းရေးစခန်းမှာအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁ သောင်း ၂ ထောင်လောက် ရှိနေပြီး၊ တချို့ဆိုရင် အချုပ်ထဲမှာ ၆ လကျော်နေပြီလို့ဆိုပါတယ်။ ဒါပေမယ့်သူတို့မှာ သက်သေအထောက်အထား တစုံတရာမရှိတဲ့အတွက် မလေးရှားအနေနဲ့ပြန်လွှတ်ပေးဖို့အခက်အခဲ ရှိတယ်လို့ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁ သိန်း ၄ သောင်းကျော်ရှိတဲ့ အပြင်၊ ကုလသမဂ္ဂကဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားသူမြန်မာနိုင်ငံသား ၁ သိန်း ၂ သောင်း လောက်ရှိတယ် လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။