မလေးရှားလူသားချင်းစာနာကူညီရေးအဖွဲ့ မြန်မာနိုင်ငံသို့ထွက်ခွာ

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီရေးအတွက် မလေးရှားနိုင်ငံက ပူထရာ ဝမ်း မလေးရှားအသင်းရဲ့ လူသားချင်းစာနာကူညီရေးအဖွဲ့ ပထမအသုတ်ဟာ စနေနေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။

2012.09.29

အဖွဲ့ဝင် (၁၄) ဦးပါ အဲဒီရှေ့ပြေးအဖွဲ့မှာ ဆရာဝန်တွေနဲ့ သတင်းမီဒီယာသမားတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပူထရာ ဝမ်း မလေးရှား ပင်မအဖွဲ့ဟာလည်း နောက် လေး ငါးရက်အကြာမှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ရှေ့ပြေးအဖွဲ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ပြီး ကျန်းမာရေးအခြေစိုက် စခန်းတစ်ခု ကြိုတင် ထူထောင်ထားမှာ ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။

ဒီလုပ်ငန်းမှာ စုစုပေါင်း လူ (၅၀) ပါဝင်မှာဖြစ်ပြီး မိမိတို့အနေနဲ့ လူမျိုးဘာသာမခွဲခြားဘဲ ကူညီသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် ကူညီရေးပစ္စည်း တန်ချိန် ၅၀၀ ဟာလည်း အောက်တိုဘာလ (၂) ရက်နေ့မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။