လွိုင်ကော်သပိတ်ဖြိုခွင်းစဉ် ချောင်းထဲခုန်ချထွက်ပြေးသူ ရှာမတွေ့သေး

2021.04.23
လွိုင်ကော်သပိတ်ဖြိုခွင်းစဉ် ချောင်းထဲခုန်ချထွက်ပြေးသူ ရှာမတွေ့သေး ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဘီလူးချောင်းကို တွေ့ရစဉ်
Photo: Citizen Journalist

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဧပြီလ ၂၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အရုဏ်ဦးသပိတ်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်ဖြိုခွင်းချိန် သပိတ်မှာပါ၀င်တဲ့ အမျိုးသားတစ်ယောက် အနားမှာ ရှိတဲ့ ဘီလူးချောင်းထဲကို ခုန်ချထွက်ပြေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ အဲဒီ အမျိုးသားကို ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

မနေ့က အရုဏ်ဦးသပိတ်ကို မနက်အစောပိုင်း လေးနာရီကျော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ၀င်ရောက်ဖြိုခွင်း ဖမ်းဆီးတာကြောင့် အမျိုးသမီး သုံးယောက် အဖမ်းခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။