အတိုင်ပင်ခံနဲ့ သမ္မတ ပထမဆုံးအကြိမ်ရုံးထုတ်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေပြော

2021.02.16

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားစွဲဆိုခံထားရတဲ့ အမှုအတွက် ဗီဒီယိုအွန်လိုင်းစနစ် Video Conferencing နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Video Conferencing နဲ့ စစ်မေးရာမှာ ကျန်းမာရေးကောင်းမွန်တာ တွေ့ရတယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီတရားစွဲဆိုခံထားရတဲ့ အမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပြည်တွင်း၊ ပြည်ပက ဥပဒေ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ အကူအညီတွေကို ရယူသွားမယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။