မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့သိုက် အသစ်ရရှိရေး တရုတ်ကြိုးပမ်း
2018.01.12

တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေနံကုမ္ပဏီ CNPC က တရုတ်နဲ့ မြန်မာနိုင်ငံအကြား အကျိုးတူဆောင်ရွက်နိုင်မယ့် သဘာဝဓါတ်ငွေ့သိုက်အသစ်ရရှိဖို့ ကြိုးစားနေတယ်လို့ China Daily သတင်းစာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဒေဝူးနိုင်ငံတကာ ကမ်းလွန်ရေနံကုမ္ပဏီကနေ တရုတ်နိုင်ငံကို ပေးပို့နေတဲ့ သဘာဓါတ်ငွေ့ပိုက်လိုင်းကနေ ထပ်မံတိုးမြှင့် ပို့ဆောင်ပေးဖို့ဖြစ်တယ်လို့ သဘာဝဓါတ်ငွေ့ စီမံကိန်းရဲ့ ဥက္ကဌက ပြောပါတယ်။ ဒေဝူးကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်လည်ကတည်းကစတင်ပြီး တရုတ်ကို သဘာဝဓါတ်ငွေ့ တင်ပို့နေတာဖြစ်ပါတယ်။
CNPC ကုမ္ပဏီဟာ ရခိုင်ပြည်နယ်ကနေ သဘာဝဓါတ်ငွေ့ပို့နေတာနဲ့အပြိုင် သဘာဝဓါတ်ငွေ့အရည် တင်ပို့နိုင်မယ့် ဂိတ်စခန်းတစ်ခု တည်ဆောင်ဖို့အတွက်လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။
CNRP ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ စီချွန်ပြည်နယ်မှာ နုန်းကျောက်ကရရှိတဲ့ သဘာဝဓါတ်ငွေ့ ကျူးဘစ်မီတာ ၃ သန်း ထုတ်လုပ်ခဲ့တယ်လို့လည်း ဒီလ အစောပိုင်းက China Daily သတင်းစာမှာဖော်ပြခဲ့ပါတယ်။