လယ်မြေလျော်ကြေးအပြည့်ပေးပြီး မှ ပိုက်လိုင်းစီမံကိန်းကို ဆက်လုပ် ကိုင်ဖို့ ဝန်ကြီးချုပ်ထံ စာတင်


2017.03.05
shwe-pipeline-land-620.jpg တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့တွန်းပို့စက်ရုံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံးပြီးပျက်စီးသွားတဲ့ လယ်ယာမြေတချို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်နိုင်ငံထံ တင်ပို့နေတဲ့ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လယ်ယာမြေပျက်စီးသွားတဲ့ ဒေသခံတောင် သူတွေကို လျော်ကြေး အပြည့်ပေးပြီး မှသာ စီမံကိန်းဆက်စပ်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခွင့်ပြုဖို့ ပိုက်လိုင်းစောင့်ကြည့်ရေး လှုပ်ရှားမှုအဖွဲ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီ စာပေးပို့လိုက်ပါတယ်။

ကုမ္ပဏီက ပိုက်လိုင်းပြုပြင်တာတွေလုပ်နေတဲ့အတွက် တောင်သူတွေရဲ့ လယ်ယာလျော်ကြေးတွေကို အပြည့်အဝပေးပြီးမှသာ ဆက်လက်လုပ်ဆောင်စေချင် တာဖြစ်တယ်လို့ ပိုက်လိုင်း စောင့်ကြည့်ရေး လှုပ်ရှားမှုအဖွဲ့က ကိုဝဏ္ဏစိုး က ပြောပါတယ်။

''တောင်သူတွေရဲ့ နစ်နာလျော်ကြေးကိစ္စကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးအဖွဲ့တွေနဲ့ အတည်ပြုပြီး တော့ တင်ပြထားပြီးဖြစ်တယ်၊ လျော်ကြေး နစ်နာကြေး တောင်သူတွေလက်ဝယ်ကို အတိအကျ မရောက်ခင် ကာလအတွင်းမှာ ပိုက်လိုင်းနဲ့ စပ်ဆက်နဲ့လုပ်ငန်းတွေလုပ်ဆောင်ဖို့ကို ကျွန်တော်တို့က ခွင့်မပြုနိုင်ဘူး လို့ တားမြစ်တာပါ၊ ဒီအတွက်ကြောင့် မရမချင်းမှာ လုပ်ငန်းဆောင်ရွက်တာတွေ မလုပ်ရ ပါဘူးလို့ ကန့် ကွက်ထားခြင်းဖြစ်ပါတယ်''

တောင်သူတွေကို ကာလပေါက်ဈေးရဲ့ ၃ ဆ ကို နစ်နာကြေးအဖြစ် ပေးစေလိုတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီပိုက်လိုင်းစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး စီမံကိန်းကြောင့် အမ်းမြို့နယ် ရွာပေါင်း ၃၂ ရွာက လယ်ဧကပေါင်း ၁၃၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတာလို့ ကိုဝဏ္ဏစိုးက ပြောပါတယ်။

စီမံကိန်းစတင်ချိန်မှာ တောင်သူတွေအတွက် နစ်နာကြေးပေးခဲ့တာတွေရှိပေမယ့် တောင်သူအများစုမှာ အခုချိန်အထိလျော်ကြေးအပြည့်အဝ မရကြသေးဘူး လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။