မလေးရှားရောက် မြန်မာတွေ အသတ်ခံရမှု ကျူးလွန်သူတွေကို တရားစွဲ


2015.01.14

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး၊ သံသယဖြစ်သူ ၉ ဦးကို ပီနန်ကျွန်း တရားရုံးတစ်ရုံးမှာ မနေ့က တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း The Straits Times သတင်း က ဖော်ပြပါတယ်။

အဲ့ဒီတရားစွဲခံရသူ ၉ ဦးဟာ မြန်မာနိုင်ငံသား မွတ်စလင်တွေဖြစ်ကြပြီး အသက် ၂၀ မှ အသက် ၄၀ အရွယ် ဝန်းကျင်ရှိကြ ပါတယ်။

မလေးရှားနိုင်ငံ ဘူခစ်မာတာဂျမ်အရပ်မှာ မြန်မာနိုင်ငံက လာရောက် အလုပ်လုပ် နေကြသူ မျိုးအောင်၊ အောင်နိုင်စိုး၊ ထူးအောင်၊ ကျော်သန်းလှ၊ ထွန်းရဲမောင် နဲ့ မည်သူ မည်ဝါ စုံစမ်းဆဲ မြန်မာတစ်ဦးတို့ မနှစ်က ဘူခစ်မာတာဂျမ် အရပ်မှာ အသတ်ခံခဲ့ကြ ရပါတယ်။ အဲ့ဒီလူသတ်မှုတွေမှာ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း တရားစွဲ ခံရသူ ၉ ဦးက ဝန်ခံဖြောင့် ချက်ပေးခဲ့ကြပါတယ်။

သူတို့ကို လူသတ်မှုအပြင်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင်စုရုံးမှု စတာတွေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။