ခင်ဦးမှာ စစ်တပ်နဲ့ ရဲက ကျည်အစစ်နဲ့ပစ်လို့ အပြင်းအထန် ဒဏ်ရာရသူတွေရှိ

2021.03.25
ခင်ဦးမှာ စစ်တပ်နဲ့ ရဲက ကျည်အစစ်နဲ့ပစ်လို့ အပြင်းအထန် ဒဏ်ရာရသူတွေရှိ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ၂၀၂၁၊ မတ် ၂၅ ရက်နေ့က စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ဒဏ်ရာရခဲ့သူတစ်ဦးကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ မတ် ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တွေက ကျည်အစစ်နဲ့ ၀င်ရောက်ပစ်ခတ်တာကြောင့် ဗိုက်ပွင့်ဒဏ်ရာ၊ လက်ကြေမွ ဒဏ်ရာတွေရရှိတဲ့ အနည်းဆုံး သုံးယောက် အပြင်းအထန်ဒဏ်ရာရရှိထားလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ ရွှေဘိုမြို့ကနေ စစ်ကား ၁၂ စီးနဲ့ စစ်တပ်နဲ့ ရဲ အင်အားအများအပြား ခင်ဦးမြို့ကို ဆင်းလာပြီး ခင်ဦးမြို့ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ကာ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အပြင်းအထန်ဒဏ်ရာရသူတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာထားပြီး ကုသပေးနေရကြောင်းနဲ့ သေဆုံးတယ် ဆိုတဲ့အချက်ကိုတော့ အတည်ပြုလို့မရကြောင်း ခင်ဦးမြို့ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

မတ်လ ၂၄ ရက် မနေ့ည ၁၀ နာရီလောက်မှာ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ ရပ်ကွက်ရုံးကင်းစောင့်နေတဲ့ ဒေသခံ ၁၄ ယောက်ကို စစ်တပ်နဲ့ ရဲအင်အား ၃၀ လောက် ရောက်လာပြီး ဖမ်းသွားတာကြောင့် ဒေသခံ ပြည်သူတွေ ခင်ဦးရဲစခန်းကို သွားရောက်ဝန်းရံခဲ့ရာက ပစ်ခတ်မှုတွေခံခဲ့ရကြောင်းနဲ့ တစ်ယောက်မှ ထိခိုက်မှု မရှိဘဲ ည ၁၂ နာရီလောက် အားလုံးပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။