ကချင် ဟူးကောင်းချိုင့်ဝှမ်းမှာ စစ်အစိုးရတပ်က ပြည်သူ့စစ်သင်တန်း ပေးနေ
2010.10.03

(RFA Map)
အဲဒီဒေသမှာ အာဏာပိုင်တွေက အခုလို ပြည်သူ့စစ် ဖွဲ့လိုက်တာကြောင့် ခြိမ်းခြောက်ရမ်းကားမှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဟူးကောင်းချိုင့်ဝှမ်းဒေသက လယ်မြေ အမြောက်အမြား သိမ်းပြီး စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ယုဇန ကုမ္ပဏီပိုင် ခြံမြေထဲမှာ နယ်မြေခံစစ်တပ်က အောက်တိုဘာလ ၂ ရက်နေ့က ပြည်သူ့စစ် သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်နှင်းပွဲ တခု လုပ်သွားခဲ့တယ်လို့ ဒေသခံတယောက်က အာအက်ဖ်အေကို ပြောပြပါတယ်။
ယုဇနကုမ္ပဏီပိုင် ဝင်းထဲမှာ ရှထူးစွပ် ကျေးရွာအခြေစိုက် ခလရ ၂၉၇ တပ်ရင်းကနေ လွန်ခဲ့တဲ့ လေးလလောက်ကတည်းက တသုတ်ပြီးတသုတ် ပြည်သူ့စစ်သင်တန်း ပေးနေတာဖြစ်ပြီး အခုဆိုရင် ပြည်သူ့စစ်အင်အား ၇ ရာလောက် ရှိသွားပြီလို့ သိရပါတယ်။
ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုရဲထက် ပေးပို့ထားတာကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |