ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာစာချုပ် ဂျပန် - မြန်မာ လက်မှတ်ထိုး
2013.12.15

မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီတွေ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး သဘောတူညီချက် တစ်ရပ်ကို နှစ်ဘက် ခေါင်းဆောင်တွေက ဒီနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
တိုကျိုမြို့တော်မှာ အာဆီယံ ထိပ်သီးခေါင်းဆောင်များ နဲ့သုံးရက်ကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဂျပန်ဝန်ကြီးချုပ် မစ္စတာ အာဘေးက အာဆီယံနိုင်ငံတွေ နဲ့ စီးပွါးရေး ဆက်သွယ်မှုတွေ တိုးချဲ့ဆောင်ရွက်သွားဖို့ စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သူနဲ့ သမ္မတ ဦးသိန်းစိန်တို့ လက်မှတ်ရေးထိုးကြတဲ့ သဘောတူညီချက်မှာ ဂျပန် ကုမ္ပဏီတွေကို နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ အကာအကွယ် ပေးဖို့ အလေးထား ဖေါ်ပြထားပါတယ်။
ဒါ့အပြင် လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဂတိလိုက်စားမှုတွေကို ကာကွယ်နိုင်အောင် ပွင့်လင်းမြင်သာမှု အပြည့်အဝထားရှိဖို့ တိုက်တွန်းထားပါတယ်။
အခု စာချုပ်အရ ရင်းနှီး မြှုပ်နှံမှုအသစ်တွေ ချမှတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးဆပ်ဖို့ရှိတဲ့ အကြွေးငွေတွေအနက် ဒေါ်လာ သန်းပေါင်း ၅၃၀၀ ကျော်ကို လျှော်ပစ်လိုက်ပြီး ကျန်အကြွေးတွေပေးဆပ်ဖို့ ချေးငွေအသစ်တွေ ပေးသွားမယ်လို့လည်း သိရပါတယ်။