မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ

2021.07.27
မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို သတင်းဓာတ်ပုံရယူနေတဲ့ ရန်ကုန်မြို့က သတင်းသမားတစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

သတင်းသမားတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ လွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေအပေါ်  ဖိနှိပ်စော်ကား တာတွေ စစ်ကောင်စီက ရပ်တန့်သင့်ပြီလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဒီကနေ့ပဲ ကြေညာပါတယ်။

မှားယွင်းပြီး ဖမ်းဆီးအရေးယူခံထားရတဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့လည်း Human Rights Watch အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံခဲ့ရတဲ့ သတင်းသမား ၉၈ ယောက်ရှိပြီး အဲဒီအထဲက သတင်း သမား ၄၆ ယောက် လောလောဆယ် အဖမ်းခံထားရတုန်းပဲလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ စာရင်းကိုကိုးကားပြီး Human Rights Watch အဖွဲ့ က ဖော်ပြထားပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အဖမ်းခံထားရတဲ့ သတင်းသမားတွေလည်း ဖော်ပြထား ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရဆီက အာဏာသိမ်းတဲ့အခါမှာ သတင်းမီဒီယာကိုလည်း အဓိကထားပြီး စစ်ကောင်စီကထိန်းချုပ်တဲ့အနေနဲ့ သတင်းသမားတွေ အများအပြားကို ဖမ်းဆီးခဲ့တယ်၊ အာရှ ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နေရတစ်ခုဖြစ်လာခဲ့ပြီလို့ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ခေါ်ဝေါ်သုံးစွဲတာကအစ သတင်းသမားတွေကို သတိပေးခြိမ်းခြောက်တာတွေ လုပ်ထားတယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။