နိုင်ငံခြားဘဏ် ၉ ခုကို လိုင်စင်တွေ ထုတ်ပေး


2014.10.01
bangkok-bank-305.jpg Bangkok ဘဏ်ခွဲတစ်ခုကို မြင်ရစဉ်
Photo: chiangmailocator

ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် နိုင် ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံ ဗဟိုဘဏ်က လုပ်ပိုင် ခွင့်လိုင်စင်တွေ ဒီနေ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီနေ့ နေပြည်တော်က မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် အထောက်ကူပြုမယ့်ဘဏ်တွေ ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဗဟိုဘဏ်က လုပ်ကိုင်ခွင့်ချပေးလိုက်တဲ့ နိုင်ငံခြား ဘဏ်တွေက Australia and New Zealand Banking Group Limited (ANZ)၊ Bangkok Bank၊ Bank of Tokyo - Mitsubishi UFJ (BTMU)၊ Industrial and Commercial Bank of China (ICBC)၊ Malayan Bank Berhad (May bank)၊ Mizuho Bank၊ Oversea-Chinese Banking Corporation (OCBC)၊ Sumitomo Mitsui Banking Corporation (SMBC)၊ United Oversea Bank (UOB) တို့ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားဘဏ်တွေကို တင်ဒါစနစ်နဲ့ ရွေးချယ်ခဲ့တာဟာ မိမိတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထဆုံးဖြစ်တယ်လို့  မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဆက်အောင်က  ပြောပါတယ်။

လုပ်ပိုင်ခွင့်ရတဲ့ နိုင်ငံခြားဘဏ်တွေအနေနဲ့ တစ်နှစ်အတွင်း လုပ်ငန်းတွေကို စတင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။