သံရုံးတွေ ပုဂ္ဂလိကဘဏ်မှာ စာရင်းဖွင့်နိုင်
2016.03.23

Photo:www.mmbiztoday.com
မြန်မာနိုင်ငံမှာတာဝန်ကျတဲ့ သံတမန်အဖွဲ့အစည်းတွေအနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေစာရင်းဖွင်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီလို့ မနေ့က ကြေညာပါတယ်။
အရင်ကဆိုရင် သံရုံးတွေအနေနဲ့ နိုင်ငံခြားငွေ လွှဲပြောင်းမှုတွေအတွက် အစိုးရပိုင် ဘဏ်တွေမှာပဲ ငွေစာရင်း ဖွင့်ခွင့်ရှိခဲ့တာကြောင့် အခုဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရဲ့ ပိုပြီးကျယ်ပြန့်ပွင့်လင်းလာ တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ သံတမန်တွေအတွက် ပိုပြီးအဆင်ပြေလာမှာဖြစ်သလို ပုဂ္ဂလိကဘဏ်တွေ အတွက်လည်း အကျိုးရှိလာမှာဖြစ်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အတိုင်ပင်ခံ ဦးသန်းလွင် က ပြောဆို တယ်လို့ သိရပါတယ်။