ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ်

2021.04.02
ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ် ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး။
Photo: RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနဲ့ ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးတို့ကို အင်းစိန်ထောင်မှာ ဧပြီ ၂ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။

အင်းစိန်ထောင်မှာပဲ မြို့နယ်တရားရုံးခန်းတွေ ဖွဲ့ထားပြီး ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို ဗဟန်းမြို့နယ် တရားရုံးနဲ့ ဦးရဲမင်းဦးကို ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။

ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅-(ခ)၊ ဦးရဲမင်းဦးကို ယုံကြည် အပ်နှံရေး ချိုးဖောက်မှု ပြစ်မှုနဲ့ အကျုံးဝင်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၄၀၉ တို့နဲ့ စွဲချက်တင်ပါတယ်။

လာမယ့် ဧပြီလ ၉ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကို ရုံးထုတ်မှာ ဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ နှစ်ယောက် တခန်းစီ နေထိုင်ရပြီး ဦးဉာဏ်ဝင်းနဲ့ ရန်ကုန်တိုင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ တခန်းထဲ နေနေရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-02 21:13

Hi Min Aung Hlaing , Why don't you arrest the all the people in the whole country. Who have already rejected the military coup.