ထားဝယ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌရဲ့မိခင် ထောင် ၂ နှစ်ချခံရ

2021.12.28
ထားဝယ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌရဲ့မိခင် ထောင် ၂ နှစ်ချခံရ ထောင်နှစ်နှစ်ချခံရတဲ့ ထားဝယ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌ မသီရိမိုးရဲ့မိခင် ဒေါ်သက်သက်ထွေးကို တွေ့ရစဉ်
Photo: Thiri Moe

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ဒု-ဥက္ကဋ္ဌ မသီရိမိုးရဲ့မိခင်ဟာ စစ်ကောင်စီတရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက် မနေ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ထားဝယ်မြို့က မသီရိမိုးနေအိမ်ကို စစ်ကောင်စီတပ်သားတွေ လာဖမ်းရာ မသီရိမိုးကိုမမိဘဲ မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ ညီမ မရွှေရည်မိုး တို့ကို ဖမ်းသွားတာပါ။

နိုဝင်ဘာလ ၁၁ ရက်မှာ ညီမဖြစ်သူ မရွှေရည်မိုးကို ပြန်လွှတ်ပေးခဲ့ပေမယ့် မိခင် ဒေါ်သက်သက်ထွေး ကိုတော့ စစ်ကြောရေးကို ပို့ဆောင်ပြီး ပုဒ်မ ၅၀၅ - က နဲ့ အမှုဖွင့် ဖမ်းဆီးထားတာပါ။

မသီရီမိုးကလည်း မိခင်ဖြစ်သူကို စစ်ကောင်စီက ထောင် ၂ နှစ်ချလိုက်တာ မှန်ကန်ကြောင်းနဲ့ စစ်အာဏာ ရှင်ကို ရောက်တဲ့နေရာကနေ ရသလိုတော်လှန်သွားမယ်လို့ လူမှုကွန်ရက်စာမျက်မှာ အတည်ပြုရေးသား ထားပါတယ်။

ကိုယ်တိုင် လာအဖမ်းခံရင် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုတာတွေရှိခဲ့တယ် လို့လည်း မသီရိမိုးက ရေထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။