သမ္မတဟောင်း ကလင်တန် နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေနဲ့ တွေ့မည်
2013.11.13
မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ညနေပိုင်း တွေ့ဆုံမယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲတက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်စာရရှိထားကြောင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
"ကျနော်တို့ ညနေ ၄ နာရီ၊ ၅ နာရီမှာ စကားပြောဖို့ ဖိတ်ထားပါတယ်၊ သီးခြားမဟုတ်ဘူးဗျ အဖွဲ့နဲ့ သူစကားပြောဖို့ပါပဲ၊ အဲလိုပဲ နားလည်ရပါတယ်"
သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၂ ယောက်မြောက် သမ္မတဖြစ်ပြီး ၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရပါတယ်။