ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

RFA Burmese
2023.09.25
ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကျောက်ကြီး မြို့နယ်နဲ့ မုန်းမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့ တယ်လို့ KNU က စက်တင်ဘာလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၆၄ က စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ ၁၂၀ မမ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက်က အသက်ကိုးနှစ်အရွယ် မောင်ဟန်ထက်အောင်၊ အသက် ၂၆ နှစ်အရွယ် ကိုတင်ကိုလတ် တို့နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအပြင် မုန်းမြို့မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၉၉ တပ်က စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းနဲ့ ၂၁ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တခေါပွာကျေးရွာက အသက် ၃၆ နှစ်အရွယ် စောမူတူး နဲ့ ထီးလိုတိုကျေးရွာက အသက် ၅၂ နှစ်အရွယ် ဒေါ်စန်း တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ KNU က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ထားတာမရှိသလို ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ သူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် သြဂုတ်လ အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇၇၈ ဦး သေဆုံးခဲ့ ပြီး ၁၄၈၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။