ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ

2021.04.25
ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက် ကို တွေ့ရစဉ်
Photo: CJ

ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီ တပ်တွေက ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲလောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။

ဆရာမ ဒေါ်အေးအေးသက်ကို ပဲခူးအနောက် သပြေကုန်း ဘိုးဘွားရိပ်သာရှေ့ မဇင်းရပ်ကွက်၊ သပြေကုန်း ၁ လမ်း နေအိမ်ကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

"ဆရာမက CDM လုပ်ထားတာဖြစ်တယ်။ ရှောင်နေရာကနေ အိမ်ခဏပြန်ရင်း အဖမ်းခံရတာ" လို့ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးကို ကိုးကားပြီး "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ CDM လုပ်ထားတဲ့ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီက ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မောင်မျိုးညွန့်
2021-04-25 12:35

အိမ်ခဏပြန်ရင်း အဖမ်းခံရတယ် ဆိုတော့ ဒလန်ရှိနေတယ်ဆိုတာ ကျိန်းသေပါဘဲ ၊၊