မသန်စွမ်းလူငယ်ကို ရဲတပ်ဖွဲ့ရိုက်နှက်မှု မသန်စွမ်းအသင်းချုပ် ရှုတ်ချ

2021.02.18

ဖေဖော်ဝါရီလ ၁၅ရက်နေ့က မန္တလေးမြို့ တံခွန်တိုင်အဝိုင်းမှာ ကိုယ်အင်္ဂါနဲ့ ဉာဏ်ရည်မသန်စွမ်းသူ မောင်ဟန်သက်ဇော်ကို ရဲတပ်ဖွဲ့ဝင်တွေက လက်ကိုင်တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတဲ့အပေါ် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ရှုတ်ချလိုက်ပါတယ်။

အဲဒီ ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယို အထောက်အထားရှိကြောင်း၊ ဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း၊ တာဝန်ရှိသူတွေကို ထိုက်ထိုက်တန်တန် အရေးယူ‌ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့က မန္တလေးမြို့ တံခွန်တိုင်အဝိုင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး လူထုဆန္ဒပြပွဲအတွင်းမှာ ဒီရိုက်နှက်မှု ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့စဉ်အတွင်း မသန်စွမ်းလူငယ်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် မသန်စွမ်းသူများအသင်းချုပ်က အခုလို ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။