မကွေးတိုင်းထဲက နေရာငါးခုကို ဗိဿနိုးကာကွယ်ရေးတပ်မတော် ဗုံးခွဲ

2021.09.07
မကွေးတိုင်းထဲက နေရာငါးခုကို ဗိဿနိုးကာကွယ်ရေးတပ်မတော် ဗုံးခွဲ တောင်တွင်းကြီးမြို့က မြန်မာ့စီးပွားရေးဘဏ်ကို တွေ့ရစဥ်
Photo: CJ
မကွေးတိုင်းထဲက မြို့နယ် လေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံနေရာ ငါးခုကို စက်တင်ဘာလ ၇ ရက် ဒီကနေ့မနက်ပိုင်း ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။
 
ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့နေရာတွေကတော့ တောင်တွင်းကြီးမြို့က ခမရ(၁၀၃) တပ်ရှေ့မှာရှိတဲ့ လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့က မြန်မာ့စီးပွားရေးဘဏ်ရဲ့ လုံခြုံရေးဂိတ်ကင်း၊ ကုလားရှင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်၊ မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာအနီးက စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်း စက်ရုံ ကပစ (၁၇) ကို သွယ်တန်းထားတဲ့ ၁၁ ကေဗွီဓါတ်အားလိုင်းတိုင်နှစ်တိုင်နဲ့ ရေစကြိုမြို့က စည်ပင် ဌာနဦးစီးမှူးရဲ့နေအိမ်တွေဖြစ်တယ်လို့ ပြောပါတယ်။
 
“NUG အစိုးရက ပြည်သူ့တော်လှန်ရေး တိုက်ပွဲခေါ်သံစပြီးကြေညာတဲ့ ဒီကနေ့ စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ဗိဿနိုးကာကွယ်ရေးတပ်မတော်က နတ်မောက်၊ ရေစကြိုနဲ့ တောင်တွင်းကြီးက စစ်ကောင် စီရဲ့ ဒေါက်တိုင်နေရာ ငါးခုကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ ဆက်ပြီးတော့လည်း ဗိဿနိုးကာကွယ်ရေး တပ်မတော်က စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို တစ်ဆင့်ချင်း ခြေမှုန်းသွားမှာဖြစ်ပါတယ်” လို့ ပြန်ကြား ရေးတာဝန်ခံက ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကြောင့် ခမရ(၁၀၃) တပ်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရရှိပြီး မြန်မာ့စီးပွားရေးဘဏ်ဂိတ်ကင်းက စစ်သားအစောင့်တွေလည်း ဗုံးစထိမှန်ခဲ့သလို ကုလားရှင်ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ လူမထိဘဲ နေအိမ်အနည်းငယ်ပျက်စီးသွားတယ်လို့ ဗိဿနိုးကာကွယ်ရေး တပ်မတော်က ဆိုပါတယ်။
 
စက်တင်ဘာလ ၇ ရက် ဒီနေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးအရ ပြန်လည်ခုခံတိုက်ခိုက် သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ဗိဿနိုးကာကွယ်ရေး တပ်မတော်က ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ရဲရင့်
2021-09-07 03:43

နေရာအနှ့ံသတင်းနင်ပေးပါ